BRS သုတေသနဓါတ်ပြားများ 26_195 MB (256 BR) Updated & Noise Reduced
သမိုင်းပေးတာဝန်
------------------
၁၉၉၅-ခုနှစ်လောက်က ဖြစ်ပါလိမ့်မယ်။ ဘဘဦးမြင့်မောင်က ကျွန်တော့်ကို ဗွီဒီယိုတိတ်ခွေတစ်ခု ပေးပြီး ကြည့်ပါတယ်။ ဘဘကအဲဒီလိုပါပဲ။ “ဖိုးသား၊ ဒီဟာလေး သိမ်းထားလိုက်အုံး။ ဒီဟာလေးရော ကူးထား” စသဖြင့် တစ်ခုခု အမြဲတမ်း ပေးပါတယ်။ ဒါကြောင့်မို့ ရှားပါးစာအုပ်တွေ၊ မှတ်တမ်းတွေ၊ အသံဖိုင်တွေ၊ ဗွီဒီယိုခွေတွေမှန်သမျှ ကျွန်တော့်ဆီမှာ တော်တော်များများ ရှိနေတာပါ။ တချို့အသံဖိုင်တွေ mp3 အဖြစ် မပြောင်းရသေးတာတွေ အများကြီးရှိနေပါသေးတယ်။ သူ့လိုပဲ စကားနည်းပြီး အလုပ်ကိုပဲ များများလုပ်တတ်တဲ့သူဖြစ်နေတာကို ချစ်ပုံရပါတယ်။ အဲဒီဗွီဒီယိုအခွေထဲမှာ ဘဘအိမ်ကို ဂျပန်က လေ့လာသူတစ်ယောက်လာလို့ ဘဘက ရှင်းပြထားတဲ့
ဒီ ကိုဗစ်ကာလကြီးမှာ ကိုဗစ်ကို စိတ်မဝင်စားဘဲ ကိုယ်လုပ်ချင်ရာတွေ လုပ်နေလို့ မျက်စိနောက်တယ် ဆိုရင်တော့ ကျော်သွားနိုင်ပါတယ်ခင်ဗျာ။ မြို့ကြီးကို ရန်သူတွေက မီးရှို့လို့ မြို့ကြီးမီးလောင်နေတာတောင်မှ သင်္ချာအတွက်မပျက်တဲ့ အာခိမိဒိ၊ သူ့မယ်တော်ကြီး အသုဘချတာကို ကျမ်းပြုနေရာကနေထပြီး “မယ်တော်ကြီးရေ… သွားနှင့်အုံးဗျ” လို့ ထပြောပြီး ကျမ်းဆက်ပြုစုနေတဲ့ ဆရာတော်ဦးဗုဓ်၊ ပျံတော်မူခါနီး နာရီပိုင်းအလိုထိ စာဝါချမပျက်တဲ့ အရှင်ဇနကာဘိဝံသတို့လောက်အထိ ကျွန်တော် မလုပ်နိုင်သေးပါဘူး။ လုပ်ချင်စိတ်ရှိတဲ့အချိန်မှာ လုပ်နိုင်တာတွေကို လုပ်နေတာလောက်ပါပဲ။ ဒီ ကပ်ဆိုးကြီးထဲ ကျွန်တော် ပါမသွားပါဘူးလို့ ဘယ်သူ အာမခံနိုင်သလဲ?
စောင်းဆရာကြီး ဘဘ အင်းလေးမြင့်မောင်ကိုယ်တိုင်တီးခတ်ထားသည့်အခြေခံစောင်းတီး
နည်းသင်ရိုး ကြိုးသီချင်း ၁၃ ပုဒ်အား တစ်စုတစ်ဝေးတည်းဖော်ပြအပ်ပါသည်။
ပုလဲသံစဉ် နှင့် အပိုးသံစဉ်
---------------------
ဤအကြောင်းကို မပြောခင် ကြိုတင်ပြောစရာ စကားတစ်ခု ရှိပါတယ်။ ထိုအရာမှာ-
**********************************************************************************************************
"အလင်္ကာကျော်စွာစောင်းဆရာကြီး ဦးဘသန်းသည် တူရိယာမျိုးစုံကို ကျွမ်းကျင်ပိုင်နိုင်စွာ တီးခတ်နိုင်သူဖြစ်သည်။
ဆိုင်းဝိုင်းပညာကို အထူးတတ်ကျွမ်းပြီး ဆိုင်းဆရာအဖြစ် အသက်မွေးဝမ်းကျောင်းပြုခဲ့ဖူးသူဖြစ်သည်..."။
*********************************************************************************************************